Welcome To Beautiful-Myanmar
Beautiful-Myanmar presents mainly about Myanmar, Myanmar celebrities, models & their photos, Myanmar Ebooks, Journals & Magazines. We will try to update Beautiful-Myanmar and we hope that you will enjoy visiting our Beautiful-Myanmar page. Please feel free to leave your positive suggestions as comments. Thanks!

Myanmar Thingyan Mp3 Songs



မြန်မာတို့ ရဲ့ရိုးရာ နှစ်သစ်ကူး ရေသဘင် ပွဲတော်ကြီးက မကြာခင်မှာ ရောက်ရှိ လာတော့ မှာဖြစ်ပါတယ်။ လူငယ်တွေလဲ အခုထဲ ကပြင်ကြ ဆင်ကြနဲ့ တက်ကြွလျက်ပါ။ သြော် ဘာလိုလိုနဲ့ ရန်ကုန် သင်္ကြံန် နဲ့ ဝေးနေတာ သုံးနှစ်တောင် ရှိရော့မယ်။ ပျော်ပါးဖို့ မဟုတ်ပေမယ့် လွမ်းတော့လွမ်း မိပါတယ်။ သင်္ကြံန် သီချင်းသစ် သီချင်းဟောင်း တွေဟာလည်း မြန်မာနိုင်ငံ အရပ်ရပ်မှာ မတ်လ လယ်လောက် ကစပြီး ပျံနှံ နေကြပါပြီ။ သင်္ကြံန် သီချင်းတွေပဲ နားထောင် ပြီးတော့ အလွမ်းဖြေခဲ့ ရတာပါ။ ဒီနှစ်လဲ ရန်ကုန်မှာ မရှိ နိုင်ပြန်ပါဘူး။ သင်္ကြံန် သီချင်း တွေကို နားထောင်ရင်း မြန်မာနိုင်ငံ က လူငယ်တွေ ရေကစား ပျော်ပါးကြတာကို ပဲ တမ်းတလွမ်းဆွတ် နေရတော့ မှာပဲ။ ကျွန်တော့်လိုပဲ အမိတိုင်းပြည်နဲ့ ဝေးကွာ နေတဲ့ လူကြီး၊ လူငယ်တွေ သင်္ကြံန်ကို လွမ်းတဲ့ အခါ အလွမ်းပြေ နိုင်ဖို့ သင်္ကြံန် သီချင်းတွေ အားလုံးကို အလွယ်တကူနဲ့ နားဆင်နိုင်မဲ့ အင်တာနက် စာမျက်နှာလေး တစ်ခုကို မိတ်ဆက် ပေးချင်ပါတယ်။ ဘယ်သူ ဖန်တီးထားတယ် ဆိုတာကို ကျွန်တော်မသိ ပေမယ့် ရည်ရွယ်ချက် လေးကတော့ တော်တော်လေး ကောင်းပါတယ်။ သင်္ကြံန်သီချင်းများ နဲ့ အတူ အခြားသော မြန်မာသီချင်း များကို လည်း ရှာဖွေတွေ့ ရှိနိုင်ပါတယ်။ အောက်မှာ တွေ့ တဲ့ လင့်ခ်လေးမှာ သွားရောက်နားဆင် နိုင်ကြပါတယ်။ သင်္ကြံန် သီချင်းဟောင်း၊ သီချင်းသစ် အားလုံးနီးပါး စုံစုံလင်လင် တွေ့ နိုင်လို့ ကျေနပ် နှစ်သိမ့်နိုင် ကြမယ်လို့ ကျွန်တော် မျှော်လင့် ပါတယ်။


Myanmar Thingyan Songs, Thingyan Myanmar Songs, Myanmar Water Festival Songs, Water Festival Myanmar Songs, Myanmar Thingyan Mp3 Songs, Thingyan Mp3 Myanmar Songs, Myanmar Thingyan Mp3 Musics, Thingyan Mp3 Myanmar Musics, Myanmar Water Festival Mp3 Musics, Water Festival Mp3 Myanmar Musics.


0 comments