Welcome To Beautiful-Myanmar
Beautiful-Myanmar presents mainly about Myanmar, Myanmar celebrities, models & their photos, Myanmar Ebooks, Journals & Magazines. We will try to update Beautiful-Myanmar and we hope that you will enjoy visiting our Beautiful-Myanmar page. Please feel free to leave your positive suggestions as comments. Thanks!

Thingyan Flowers | Padauk Flowers





ပိတောက်ပန်း တွေတောင် လှိုင်လှိုင် ပွင့်ခဲ့ ပြန်ပြီ။ ဘာလိုလို နဲ့ တစ်နှစ် ကလည်း မကြာလိုက်သလို ပါပဲလား။ ကျွန်တော့် ဦးလေး သူ့ အိမ်နားမှာ ပိတောက်ပန်းတွေ ပွင့်တာတွေ့ တာနဲ့ ဓါတ်ပုံ ရိုက်ပြီးတော့ ပို့ လိုက်တာပါ။ ဒီမှာက ပိတောက်ပန်းကို လုံးဝ စိတ်မ၀င် စားကြဘူး။ မြန်မာပြည်မှာ ဆိုရင်တော့ ဘာပြောကောင်းမလဲ။ ရောင်းလိုက် ၀ယ်လိုက် ကြမယ့် ဖြစ်ခြင်း။ ပိတောက်ဆို တာသင်္ကြံန်ရဲ့ အမှတ် သင်္ကေံတ တစ်ခုဆိုလဲ မမှားပါဘူး။ သင်္ကြံန် နဲ့ ပိတောက်၊ ပိတောက်နဲ့ သင်္ကြံန်ဆိုတာ ခွဲခြားလို့ လုံးဝကို မရခဲ့ပါ။ ဘယ်လောက် ပူပြင်းခြောက် သွေ့ တဲ့ နွေရာသီဖြစ်ပစေ၊ ဧပြီလဆန်း(သို့ ) သင်္ကြံန်နား နီးကပ်လာရင် သင်္ကြံန်မိုး လေး တဖြိုက်လောက် ရွာလိုက် ရင်ပဲ ပိတောက်ပန်းတို့ က ရွှေဝါရောင်ညွှတ်နေ အောင်ကိုဖူးပွင့် လေ့ရှိကြတာ သဘာဝပါပဲ။ သင်္ကြံန် နားနီးကပ် လာတော့လဲ သင်္ကြံန် ပိုးလေး ကတော့ ရွချင်လာပါတယ်။ ရန်ကုန် သင်္ကြံန်နဲ့ ကလည်း အဆက်ပြတ်နေ တာ ဒီနှစ်ပါ ဆိုရင် ၃ နှစ် တိတိ ရှိခဲ့ပါပြီ။ သူငယ်ချင်း တွေရန်ကုန်က ပြန်လာရင် တော့ သင်္ကြံန်ဓါတ်ပုံ လေးတွေ ရိုက်လာမယ် လို့ ပြောတယ်။ ဓါတ်ပုံ တွေ ရလာရင် တော့ အားလုံး နဲ့ အတူ မျှဝေ လိုက်ပါ့ မယ်။ အခု တော့ ရှိတဲ့ ပိတောက်ပန်း ပုံလေးပဲ တင်ပေးလိုက်တယ်ဗျာ။ အားလုံးပဲ သင်္ကြံန် အလွမ်းပြေပေါ့။ အားလုံးပဲ မြန်မာနှစ်သစ်ကူး သင်္ကြံန်မှာ ပျော်ရွှင် ချမ်းမြေ့နိုင် ကြပါစေ။
Thingyan Flowers, Flowers Thingyan, Padauk Flowers, Flowers Thingyan, Thingyan Myanmar Festival Flowers, Myanmar Festival Thingyan Flowers.


0 comments